ကုန်သွယ်မှုလိုငွေနဲ့ ရင်းနှီးမြှပ်နှံမှု

Your browser doesn’t support HTML5

NLD ပါတီဦးဆောင်တဲ့ အစိုးရသက်တမ်း တနှစ်ပြည့်လာချိန်ထိ တိုင်းပြည်ဖွံ့ဖြိုးရေးမှာ အဓိကကျတဲ့ စီးပွားရေးကဏ္ဍပိုင်းနဲ့ ပါတ်သတ်ပြီး အစိုးရအနေနဲ့ ထိရောက်အောင် မပြောင်းလဲနိုင်သေးတာကို ကိန်းဂဏန်းတွေက အဖြေပေးနေကြပါတယ်။ လိုငွေပြ ဘတ်ဂျတ်၊ လိုငွေပြ ကုန်သွယ်မှုပိုင်းတွေကြောင့် တိုင်းပြည်ဟာ အကြွေးသံသရာကနေ မရုန်းထွက်နိုင်သေးပါဘူး။ ရင်းနှီးမြုပ်နှံမှုပိုင်းမှာ မူဝါဒ အသစ်တွေချမှတ်လာပေမယ့် ဒါတွေကကော ထင်သလောက် ခရီးပေါက်နိုင်ပါ့မလား၊ ဒီသီတင်းပတ် သတင်းထောက်မှတ်စုမှာ တိုင်းပြည်ရဲ့စီးပွားရေးအခြေအနေနဲ့ NLD အစိုးရရဲ့ ရင်းနှီးမြုပ်နှံမှုပိုင်း မူဝါဒ လိုအပ်ချက်အပေါ်အမြင်တွေကို ဗွီအိုအေသတင်းထောက် ကိုစည်သူ စုစည်းတင်ပြထားပါတယ်။