NLD အစိုးရရဲ့ တနှစ်တာစွမ်းဆောင်ရည်

Your browser doesn’t support HTML5

၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ အစိုးရတာဝန်တွေကို စပြီးထမ်းဆောင်ခဲ့တဲ့ လက်ရှိအစိုးရသက်တမ်းဟာ အခုဆို တနှစ်တင်းတင်းပြည့်သွားပါပြီ။ ပြီးခဲ့တဲ့တနှစ်တာအတွင်း တိုင်းပြည်ရဲ့ အရေးကြီးတဲ့ ကဏ္ဍတွေမှာ အစိုးရအဖွဲ့ရဲ့  စွမ်းဆောင်ရည် ဘယ်လိုရှိခဲ့ပါသလဲ၊ ဘယ်လိုအောင်မြင်မှုတွေရခဲ့ပြီး ဘယ်လိုအရေးကိစ္စတွေမှာ အောင်မြင်မှုမရသေးတဲ့အခြေအနေ ရှိနေပါသလဲ ... စတာတွေနဲ့ပတ်သက်ပြီး မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့ရဲ့  သင်တန်းရေးရာ ဒါရိုက်တာ ဦးအောင်သူငြိမ်း၊ The Voice Weekly ရဲ့  ဒါရိုက်တာ ဦးဇေယျသူတို့နဲ့အတူ ဝိုင်းတော်သား ကိုကျော်ကျော်သိန်းက ရန်ကုန်မြို့၊ ဗွီအိုအေစတူဒီယိုမှာ တွေ့ဆုံ မေးမြန်း ဆွေးနွေးထားပါတယ်။