ရခိုင်အရေးနိုင်ငံတကာစုံစမ်းမှုအပေါ် အတိုင်ပင်ခံပုဂ္ဂိုလ်ရှင်းလင်း

Your browser doesn’t support HTML5

မြန်မာနိုင်ငံထဲက လူနည်းစုရိုဟင်ဂျာ မူစလင်အရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂဦးဆောင်တဲ့ သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို လက်ခံဖို့ ဥရောပသဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ဖိအားပေးနေပေမယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကတော့လက်မခံနိုင်တဲ့အကြောင်းပြောပါတယ်။ ဒါ့အပြင် မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို လစ်လျူရှုပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်ကိုလည်းဒေါ်အောင်ဆန်းစုကြည်က ဥရောပခရီးစဉ်အတွင်းမှာ ငြင်းဆိုသွားပါတယ်။ Henry Ridgwell ရဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။