နိုင်ငံရပ်ခြားရောက်လို့ ကိုယ်ရောက်နေတဲ့နိုင်ငံမှာ Smartphone အခမဲ့ သုံးလို့ရအောင် ဟောင်ကောင်အခြေစိုက် Tink Labs ကုမ္ပဏီက Handy ဆိုတဲ့ Smartphone တွေကို တီထွင်ပြီး ဟိုတယ်တွေနဲ့ချိတ်ဆက် ဝန်ဆောင်မှု ပေးနေပါတယ်။ ဟိုတယ်ခန်းတည်းခိုသူတွေဖက်က အင်တာနက်သုံးခ၊ ဖုန်းခေါ်ခ ဘယ်လောက်ကျမယ်ဆိုတာ ပုံပန်နေစရာမလိုဘဲ သုံးနိုင်တဲ့ Handy ဖုန်းတွေကို ၂၀၁၇ ခုနှစ်မကုန်ခင်မှာ ကမ္ဘာတဝန်းက ဟိုတယ်ခန်းပေါင်း ၁ သန်းမှာ သုံးနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ဥရောပကဟိုတယ်တော်တော်များများမှာ သုံးနေကြတဲ့ Handy ဖုန်းအကြောင်း မစုမြတ်မွန်က ဘလော်ဂါတွေပြောသမျှ အစီအစဉ်မှာ တင်ပြထားပါတယ်။
Your browser doesn’t support HTML5