စက်ရုပ်တွေနဲ့ အစားထိုးမယ့် လူမှုဝန်းကျင်

Your browser doesn’t support HTML5

ကမ္ဘာတလွှားက နိုင်ငံအတော်များများဟာ လာမယ့် ၁၅ နှစ်လောက်အတွင်းမှာပဲ လူသားတွေလုပ်ကိုင်နေတဲ့ အလုပ်အားလုံးရဲ့ ၃၈ % အတွက် စက်ရုပ်တွေကိုပဲ အားကိုးရတဲ့ အနေထား ရောက်လာနိုင် တယ်လို့ မကြာသေးခင်က ကောက်ယူတဲ့ စစ်တမ်းတွေမှာ ဖေါ်ပြထားပါတယ်။ မေလလယ် ပြင်သစ်နိုင်ငံ Paris မြို့မှာ ကျင်းပတဲ့ စက်ရုပ်ပြပွဲကို ရောက်လာကြတဲ့ ကျွမ်းကျင်သူ တွေကတော့ ဒီလို လူမှုဝန်းကျင် အပြောင်းအလဲမှာ အဆင်မပြေမှုတွေ ပေါ်မလာစေချင်ရင်တော့ အခုကတည်းက ဒီအပြောင်းအလဲသစ် အတွက် ပြင်ဆင်ထားရမယ်လို့ ပြောကြပါတယ်။ ဒီအကြောင်း VOA သတင်းထောက် George Putic ရဲ့ သတင်းလွှာကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။