ရှေ့နေချုပ် Jeff Sessions ကြားနာပွဲ

Your browser doesn’t support HTML5

၂၀၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲ ကမောက်ကမဖြစ်အောင် ရုရှားတွေနဲ့ ဘယ်လိုမှ ပူးပေါင်းကြံစည်ခဲ့ခြင်း မရှိပါဘူးလို့ အမေရိကန်ရှေ့နေချုပ် Jeff Sessions က အထက်လွှတ်တော်ကြားနာပွဲမှာ ငြင်းဆိုသွားပါတယ်။ FBI ညွှန်ကြားရေးမှူးဟောင်း James Comey ကို အလုပ်ကထုတ်ပစ်တဲ့ သမ္မတ Trump ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီးလည်း Mr. Sessions က ခုခံကာကွယ်ပြောဆိုပေမဲ့၊ သမ္မတနဲ့ ပြောဆိုဆွေးနွေးခဲ့တာတွေနဲ့ပတ်သက်တဲ့ မေးမြန်းချက်တွေကိုတော့ ဖြေဆိုခြင်းမရှိဘဲ ထပ်ခါတလဲလဲ ငြင်းဆိုသွားတာပါ။ VOA သတင်းထောက် Michael Bowman ကသတင်းပေးပို့ထားတာကို ဒေါ်ခင်စိုးဝင်းက ပြောပြပေးမှာပါ။