ကယ်လီဖိုးနီးယား မိုးခေါင်ရှေရှားမှု

Your browser doesn’t support HTML5

အမေရိကန်ပြည်ထောင်စု၊ အနောက်ပိုင်းပြည်နယ်တခုဖြစ်တဲ့ ကယ်လီဖိုးနီးယားပြည်နယ်မှာ ၅ နှစ်ကျော် မိုးခေါင်ရေရှားမှုခံစားခဲ့ရပြီးတဲ့နောက် ပြည်နယ်အရေးပေါ်အခြေအနေ ကြေညာထားတာကို အုပ်ချုပ်ရေးမှုး Jerry Brown က အခု အဆုံးသတ်လိုက်ပါပြီ။ ဆောင်းရာသီမှာ ကျတဲ့နှင်းတွေကို တောင်တွေပေါ်မှာ ရေလှောင်ကန်လုပ်ပြီး ရေကန်တွေကို ရေ ဖြည့်ပေးနိုင်ခဲ့တဲ့အတွက်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နှစ်နဲ့ချီ မိုးခေါင်ရေရှားဖြစ်ခဲ့တဲ့ ရိုက်ခတ်မှုဒဏ်ကိုတော့ ဆက်ခံနေရဆဲဖြစ်တဲ့အကြောင်း VOA သတင်းထောက် Kevin Enoch ပေးပို့ထားတဲ့ သတင်းကို နန်းလောင်ဝ်က တင်ပြထားပါတယ်။