အမေရိကန်သမ္မတ Donald Trump ဟာ Deutsche ဘဏ်ကို ပေးရမယ့် ဒေါ်လာ သန်း ၁၃၀ အပါအဝင် အမေရိကန်ပြည်တွင်းနဲ့ နိုင်ငံတကာ ငွေထုတ်ချေးသူတွေကိုပေးစရာရှိတဲ့ ကိုယ်ပိုင်အကြွေး ဒေါ်လာ ၃၁၅ သန်း ထက်မနည်း ရှိပါတယ်။
မနေ့ သောကြာနေ့ နှောင်းပိုင်းက အမေရိကန် အစိုးရ ကျင့်ဝတ်စီစစ်တဲ့ဌာနက ထုတ်ပြန်ချက်ထဲမှာ သမ္မတ ရဲ့ ငွေကြေးဆိုင်ရာ လူသိရှင်ကြား နောက်ဆုံး ထုတ်ဖော်ပြသချက်ထဲမှာ အဲဒီလို ဖော်ပြထားတာဖြစ်ပါတယ်။ ၉၈ မျက်နှာပါ စာရွက်စာတမ်းကို အစိုးရ ကျင့်ဝတ်စီစစ်တဲ့ဌာနရဲ့ ဝက်ဘ်ဆိုက် ပေါ်မှာ ဖော်ပြထားတာပါ။
စာရွက်စာတမ်းပါ ဖော်ပြချက်အရ သမ္မတ Trump ရဲ့ ဝင်ငွေဟာ ဒေါ်လာသန်း ၅ ရာကျော်ကျော်လေးရှိပြီး၊ ၂၀၁၇ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်အတွင်းမှာ ဒေါ်လာ ၅၉၄ သန်းထက်မနည်းရှိတာကို ဖော်ပြထားပါတယ်။ စက်တင်ဘာလမှာ စတင်ဖွင့်လှစ်လိုက်တဲ့ သူ့ရဲ့ ဝါရှင်တန် ဟိုတယ်ကနေ ဒေါ်လာ သန်း ၂၀ ဝင်ငွေရရှိပြီး ကျန် ၁၁၅ ဒသမ ၉ သန်းကိုတော့ ဖလော်ရီဒါပြည်နယ် မိုင်ယမီ Trump National Doral Golf Club ကနေ ရရှိတာဖြစ်ပါတယ်။
သမ္မတ Trump က သူ့ရဲ့ငွေရေးကြေးရေးဆိုင်ရာ ထုတ်ဖော်ချက်ကို သူကိုယ်တိုင်တင်ပြခွင့်ရတာကို ကြိုဆိုကြောင်း သောကြာနေ့ ညနေက ထုတ်ပြန်တဲ့ကြေညာချက်ထဲမှာ အိမ်ဖြူတော်ကပြောပါတယ်။ ဒီထုတ်ဖော်ချက်ကို အစိုးရရဲ့ကျင့်ဝတ်စီစစ်တဲ့ဌာနက ပုံမှန် လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ဆောင်ခဲ့တာဖြစ်ကြောင်းကိုလည်း ပြောပါတယ်။
ဒါပေမယ့်လည်း သမ္မတ Trump ဟာ သူ့ရဲ့ ငွေရေးကြေးရေးဆိုင်ရာ ကိစ္စရပ်အသေးစိတ်ကို ဖော်ပြနိုင်မယ့် အခွန်ဆောင်တဲ့စာရင်းကိုတော့ ထုတ်ဖော်တာမရှိသေးပါဘူး။
Your browser doesn’t support HTML5