FIFA ဖလားနဲ့ ရုရှားဘောလုံးလောက

Your browser doesn’t support HTML5

ရုရှားနိုင်ငံက ဇွန်လ ၁၇ ရက်နေ့ကနေ ဇွန်လိုင်လ ၂ ရက်နေ့အထိ အိမ်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့ FIFA ကမ္ဘာ့တိုက်ကြီးများဖလားနဲ့ ၂၀၁၈ ခုနှစ် FIFA ကမ္ဘာ့ဖလားပွဲတွေဟာ ရုရှားဘောလုံးလောကကိုလွှမ်းမိုးထားတဲ့ မျှော်လင့်ချက်တွေဖြစ်ပါတယ်။ ကမ္ဘာ့ဖလားမှာ အဆင့် ၄ အထိ ရုရှားနိုင်ငံ တက်ရောက်နိုင်ခဲ့တဲ့ နောက်ဆုံးအကြိမ်ကတော့ ဆိုဗီယက်ပြည်ထောင်စုထဲ ရှိနေတဲ့အချိန် ၁၉၆၆ ခုနှစ်ကဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ပါဝင်ကစားခဲ့ကြတဲ့ အားကစားသမားတချို့နဲ့ ဗွီအိုအေ သတင်းထောက် Daniel Schearf မော်စကိုမြို့မှာ တွေ့ဆုံမေးမြန်း သတင်းပေးပို့ထားတာကို ရှားဖောင် တင်ပြပေးပါမယ်။