ဂျာမနီ ရှေးဟောင်းထုံးကျောက်ဂူ
Your browser doesn’t support HTML5
မြေအောက် ရေစီးကြောင်းတွေနဲ့ ပြည့်နှက်နေတဲ့ ဂျာမနီနိုင်ငံ အနောက်တောင်ပိုင်းက တောင်တန်းတွေမှာ ရှေးဟောင်း ထုံးကျောက်ဂူတွေ အများအပြား ရှိပါတယ်။ ရှေးဟောင်း လူသားတွေရဲ့ သမိုင်းဝင် အထောက်အထားတွေ ကြွယ်ဝလှတဲ့ အတွက်လည်း ဒီဂူတွေကို ကုလသမဂ္ဂ ပညာရေး သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ UNESCO က ကမ္ဘာ့အမွေအနှစ် နေရာတခုအဖြစ် သတ်မှတ်ပြီး ထိန်းသိမ်းသွားဖို့ စဉ်းစားနေပါတယ်။ ဂျာမနီက ရှေးဟောင်း ထုံးကျောက်ဂူတွေအကြောင်း ဗွီအိုအေ သတင်းထောက် Kevin Enoches ရဲ့ သတင်းဆောင်းပါးကိုတော့ ဒီသတင်းပတ်ရဲ့ ကမ္ဘာတစ်လွှား ခရီးသွားအစီအစဉ်မှာ နန်းလောင်ဝ်က တင်ပြထားပါတယ်။