ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ကျောက်ပန်းတောင်မြို့က အဆောက်အဦးတခုကို ဗလီဆိုတဲ့သံသယနဲ့ လူအုပ်က ဖျက်ဆီးဖို့ ကြိုးစားရာမှာ၊ လူစုလူဝေးကို ထိန်းဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ ဒေသအာဏာပိုင်တွေက အဲဒီ အဆောက်အဦးကို ဖျက်ဆီးပစ်လိုက်ပါတယ်။
လူစုလူဝေးနဲ့ ဥပဒေမဲ့ ကြိုးပမ်းချက်ကို၊ အာဏာပိုင်တွေက ဥပဒေပြင်ပ အခုလို ကိုင်တွယ်ခဲ့တာကြောင့် မြန်မာပြည်ရဲ့တရားဥပဒေစိုးမိုးရေးအတွက်တော့ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ ဒါကြောင့် mob rule လို့ခေါ်တဲ့ လူအုပ်သုံးပြီး ဥပဒေချိုးဖောက်တာတွေ ရာဇဝတ်မှုကျူးလွန်တာတွေကို အာဏာပိုင်တွေဖက်က ဘယ်လို ကိုင်တွယ်သင့်ပါသလဲ။ ဘယ်လိုကိုင်တွယ်နေပါသလဲ။ အင်္ဂါနေ့ည တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။ မြန်မာနိုင်ငံရှေ့နေများကွန်ယက်က ရှေ့နေကြီး ဦးသိန်းသန်းဦးနဲ့ အမျိုးသားလူငယ်ကွန်ဂရက်က ကိုသက်ဆွေဝင်းတို့က ပင်တိုင်ဆွေးနွေးထားပါတယ်။
Your browser doesn’t support HTML5
Call In Show 1 August