အိန္ဒိယ နိုင်ငံမြောက်ပိုင်းမှာ အဓိကရုဏ်းဖြစ်ပွားခဲ့တဲ့အတွက် ၂၈ ယောက်သေဆုံးပြီး ၂၅၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ရဲကပြောပါတယ်။ လူကြိုက်များတဲ့ ဘာသာရေးဂိုဏ်းဆရာ ဂုရုကြီးတယောက်က သူ့နောက်လိုက်အမျိုးသမီး ၂ ယောက်ကို အဓမ္မပြုကျင့်မှုနဲ့ အပြစ်ရှိတယ်လို့ တရားရုံးတခုက ဆုံးဖြတ်ခဲ့ပြီးနောက် ခုလိုအဓိကရုဏ်းတွေဖြစ်ပွားခဲ့တာပါ။
Dr. Gurmeet Ram Rahim Singh Ji Insan ဆိုသူကို Panchkula မြို့မှာ တရားရုံး အဆုံးအဖြတ်မပေးခင်ထဲက သူ့နောက်လိုက် ထောင်နဲ့ချီက အတားအဆီး ကာရံထားတဲ့ တရားရုံးနားမှာ စောင့်ဆိုင်းနေခဲ့ကြပါတယ်။ အပြစ်ရှိတယ်လို့ တရားရုံးက သောကြာနေ့က ဆုံးဖြတ်လိုက်ပြီးနောက်မှာ သူ့ကိုထောက်ခံသူတွေက မကျေမနပ်ဆန္ဒပြခဲ့ကြတာပါ။
အကြမ်းဖက်လိုသူတွေက အစိုးရအဆောက်အဦးတွေကို မီးရှို့။ သတင်းထောက်တွေနဲ့ ရဲအရာရှိတွေကို တိုက်ခိုက်ခဲ့ကြပါတယ်။ ရဲတွေက မျက်ရည်ယိုဗုံးတွေ။ မီးသတ်ပိုက်တွေနဲ့ လူစုခွဲခဲ့ရတဲ့အပြင်။ အဓိကရုဏ်းကို ထိန်းနိုင်ဖို့ကြိုးစားတဲ့အနေနဲ့ လေထဲကို သေနတ်ပစ်ဖောက်ခဲ့ရပါတယ်။ ဂုရု Gurmeet Ram Rahim Singh ဂိုဏ်းရဲ့ပြောခွင့်ရသူက သူတို့အပေါ် ထောက်ခံသူတွေကို ငြိမ်းငြိမ်းချမ်းချမ်းနေကြဖို့ တိုက်တွန်းခဲ့ပါတယ်။
Your browser doesn’t support HTML5
ဂုရုကြီးအမှု အဓိကရုဏ်း ၂၈ ဦးသေ