ရိုဟင်ဂျာဒုက္ခသည် ဝန်ထုပ်ဝန်ပိုး ဘင်္ဂလားဒေ့ရှ် ဒေသခံတွေ စိုးရိမ်

Your browser doesn’t support HTML5

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ပဋိပက္ခတွေကြောင့် ထွက်ပြေးကြတယ်လို့ဆိုတဲ့ ရိုဟင်ဂျာတွေကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံက လူသားချင်း စာနာတဲ့အနေနဲ့ လက်ခံကူညီနေတဲ့အတွက် နိုင်ငံတကာက ချီးကျုးထားပါတယ်။ ဒါပေမဲ့လည်း ဆင်းရဲပြီး၊ လူဦးရေ ထူထပ်တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေနဲ့ ကြီးမားလှတဲ့ ဝန်ထုပ်ဝန်ပိုးကြီးကို ဘယ်လောက်ကြာကြာ ထမ်းနိုင်မလဲ ဆိုတဲ့အပေါ် စိုးရိမ်သံတွေလည်း ထွက်ပေါ်လာနေတာပါ။ ဒီအကြောင်း AP သတင်းဆောင်းပါးကို အခြေခံပြီး နန်းလောင်ဝ်က တင်ပြပေးထားပါတယ်။