အပ်မလိုတဲ့ ကာကွယ်ဆေး

Your browser doesn’t support HTML5

အမေရိကန်ပြည်ထောင်စု Georgia ပြည်နယ် နည်းပညာတက္ကသိုလ်မှာ ဆေးထိုးအပ်မပါဘဲ ကာကွယ်ဆေးထိုးနိုင်မယ့် နည်းလမ်းတစ်ခုကို တီထွင်ခဲ့ပါတယ်။ ပလာစတာအရွယ်ရှိတဲ့ အရာဝထ္ထုကို အသားပေါ်မှာ ဖိနှိပ်လိုက်တာနဲ့ ကာကွယ်ဆေးထိုးပြီးသလိုဖြစ်သွားမှာပါ။ ဒီအစလေးပေါ်မှာ အပ်ငယ်လေးပေါင်းများစွာပါဝင်ပြီး အဲဒီအပ်တွေထဲမှာတော့ ဆေးရည်ရှိနေပါတယ်။ လူနာတွေကိုယ်တိုင် အလွယ်တကူ အသုံးပြုနိုင်ပြီး ဒီနည်းပညာကြောင့် ကာကွယ်ဆေးတွေ ဖြန့်ဖြူးမှု ပိုကျယ်ပြန့်လာနိုင်မှာလည်း ဖြစ်ပါတယ်။