စစ်တပ် ခေါင်းဆောင်တွေကို ပစ်မှတ်ထား အရေးယူခြင်းနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး

မြန်မာ့တပ်မတော် (မတ်လ ၂၀၁၅)

ရခိုင်ပြည်နယ် မြောက်ပိုင်းက ပဋိပက္ခတွေကြောင့် အဲဒီဒေသက မူဆလင်တွေ သိန်းနဲ့ချီပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခိုလှုံခဲ့ကြအပြီးမှာတော့ ဒီကိစ္စနဲ့ ပါတ်သတ်ပြီး တာဝန်ရှိတဲ့ မြန်မာစစ်တပ် ခေါင်းဆောင်တွေအပေါ် ဒဏ်ခတ်အရေးယူဖို့ နိုင်ငံတကာက လုပ်ဆောင်လာပါတယ်။ ဒီလို ပစ်မှတ်ထား အရေးယူဒဏ်ခတ်မှုတွေဟာ မြန်မာ့ဒီမိုကရေစီရေး အပြောင်းအလဲ ဆောင်ရွက်မှုတွေအတွက် အထောက်အကူ ဖြစ်စေပါသလား၊ အဟန့်အတား ဖြစ်စေပါသလားဆိုတာကို ဒီတပါတ် စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ဆွေးနွေးထားပါတယ်။ ပြည်သူ့အရေးဂျာနယ် ပင်တိုင် ဆောင်းပါးရှင် ကိုဝ၊ ၉၀ ခုနှစ်ရွေးကောက်ပွဲ လွှတ်တော်အမတ် ဒေါက်တာတင့်ဆွေ၊ နိုင်ငံရေးသုံးသပ်ချက်ဆောင်းပါးရှင် ကိုအောင်မှိုင်းတို့က ပါဝင်ဆွေးနွေးထားပါတယ်။

Your browser doesn’t support HTML5

စစ်တပ်ခေါင်းဆောင်တွေကို ပစ်မှတ်ထားအရေးယူခြင်းနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး