အကြမ်းဖက်သမားတွေကို စစ်ရေးနည်းနဲ့ ချေမှုန်းပစ်ရမယ်လို့ ကန်သမ္မတဒေါ်နယ်ထရမ့်ဆို

အမေရိကန်သမ္မတ Donald Trump

ကမ္ဘာကြီးအနေနဲ့ အကြမ်းဖက်သမားတွေကို စစ်ရေးနည်းနဲ့ ချေမှုန်းပစ်ရမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။ တချိန်တည်းမှာပဲ၊ အမေရိကန်ပြည်ထောင်စုအနေနဲ့ မက္ကဆီကိုနဲ့ နယ်စပ်မှာ နယ်စပ်တံတိုင်းကာရံဖို့ နဲ့ ခရီးသွားလာခွင့် တားမြစ်ကန့်သတ်တာတွေလုပ်ဖို့လိုအပ်တယ်လို့လည်း သမ္မတထရမ့်က ပြောလိုက်ပါတယ်။


သမ္မတထရမ့်က အီဂျစ်နိုင်ငံမှာ လူပေါင်း ရာနဲ့ချီသေဆုံးခဲ့တဲ့ ဗလီတိုက်ခိုက်မှုအပေါ် ရှုတ်ချပြီး၊ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဝမ်းနည်းကြောင်း အီဂျစ်သမ္မတကို ပြောကြားခဲ့ပြီးတဲ့နောက်၊ အခုလို သူရဲ့ သဘောထားကို တွစ်တာလူမှုကွန်ယက်ပေါ်မှာ သောကြာနေ့က တင်ခဲ့တာဖြစ်ပါတယ်။


သမ္မတထရမ့်ရဲ့ မူလက ခရီးသွားလာခွင့်ပိတ်ပင်တဲ့အစီအစဉ်က အမေရိကန်ရဲ့ ဒုက္ခသည်လက်ခံရေးအစီအစဉ်ကို ယာယီရပ်ဆိုင်းဖို့ နဲ့ မွတ်စလင်အများစုနေထိုင်တဲ့နိုင်ငံ ၇ နိုင်ငံက နိုင်ငံသားတွေကို အမေရိကန်ပြည်ထောင်စုထဲကို ဝင်ခွင့်ပိတ်ပင်ဖို့ တားမြစ်ခဲ့တာဖြစ်ပါတယ်။ သမ္မတထရမ့်ရဲ့ အဲဒီအမိန့်ကြောင့် လေဆိပ်တွေမှာလည်း အဆင်မပြေမှုတွေဖြစ်ပြီး၊ တရားစွဲဆိုတာတွေဖြစ်လာတာကြောင့်၊ ဒီအမိန့်ကို ဆိုင်းငံ့လိုက်ရပါတယ်။

Your browser doesn’t support HTML5

အကြမ်းဖက်သမားတွေကို စစ်ရေးနည်းနဲ့ ချေမှုန်းပစ်ရမယ်လို့ ကန်သမ္မတဒေါ်နယ်ထရမ့်ဆို


သမ္မတထရမ့်အစိုးရကတော့ ဥပဒေကြောင်းအရ ပိုပြီးထိန်းနိုင်ဖို့အတွက် ဒီအမိန့်ကို ပြင်နိုင်ဖို့အတွက် အကြိမ်ကြိမ်ကြိုးပမ်းခဲ့ပါတယ်။