ဝင်ငွေခွန်ဥပဒေသစ်မူကြမ်း ကန်အထက်လွှတ်တော်အတည်ပြု

အမေရိကန် အထက်လွှတ်တော် လူများစုခေါင်းဆောင် Mitch McConnell အခွန်ဥပဒေကြမ်း ဆွေးနွေးပြီး အထက်လွှတ်တော်က ထွက်လာစဉ်။ (ဒီဇင်ဘာ ၂၊ ၂၀၁၇)

အမေရိကန်အထက်လွှတ်တော်က အမေရိကန်ဒေါ်လာ ၁.၅ ထရီလီယံတန်ဖိုးရှိတဲ့ အခွန်ဥပဒေကြမ်းကို ထောက်ခံမဲ ၅၁ မဲ၊ ကန့်ကွက်မဲ ၄၉ မဲ နဲ့ စနေနေ့ အစောပိုင်းက အတည်ပြုလိုက်ပြီဖြစ်ပါတယ်။
အထက်လွှတ်တော်ရဲ့ ဒီဥပဒေကြမ်း နဲ့ အောက်လွှတ်တော်က အစောပိုင်းမှာ အတည်ပြုခဲ့ဥပဒေကြမ်း ၂ ခုအနေနဲ့ အခုအခါမှာ စေ့စပ်ညှိနှိုင်းမှုတွေလုပ်ရမှာဖြစ်ပါတယ်။ အဲဒီနောက် လွှတ်တော် ၂ ရပ်က ညှိနှိုင်းထားတဲ့ ဥပဒေကြမ်းကို လွှတ်တော် ၂ ရပ်စလုံးအနေနဲ့ အတည်ပြုရမှာဖြစ်ပြီး၊ အဲဒီနောက် သမ္မတက လက်မှတ်ထိုးရမှာဖြစ်ပါတယ်။
ဒီလိုအဆိုပြုထားတဲ့ အခွန်ဥပဒေကြမ်းက စီးပွားရေးကော်ပိုရေးရှင်းကြီးတွေကိုကောက်ခံတဲ့ အခွန်တွေကို အမြဲတမ်းလျှော့ချပစ်မှာဖြစ်သလို၊ ဝင်ငွေလစာတွေအပေါ်မှာ ကောက်နေတဲ့ အခွန်တွေကိုလည်း ယာယီလျှော့ချသွားမှာဖြစ်ပါတယ်။
ဒီလိုလုပ်ဆောင်လိုက်ခြင်းအားဖြင့် ၊ အမေရိကန်ပြည်ထောင်စုမှာ လက်ရှိရှိနေတဲ့ အမေရိကန်ဒေါ်လာ ၂၀ ထရီလီယံ ကြွေးမြီးတွေလည်း ထပ်တိုးလာမှာဖြစ်ပါတယ်။ ရီပတ်ဘလစ်ကန်တွေရဲ့ ဒီအစီအစဉ်က လာမယ့်ဆယ်စုနှစ်တခုအတွင်း ဗဟိုဘဏ်ထဲကနေ အမေရိကန်ဒေါ်လာ ၁ ထရီလီယံလောက် ကုန်ကျစေမှာဖြစ်တယ်လို့ အခွန်ကောက်ခံမှုနဲ့ ပတ်သက်ပြီး ပါတီ ၂ ရပ်ပူးတွဲပြီး အင်္ဂါနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ပြောထားပါတယ်။
ရီပတ်ဘလစ်ကန်တွေကတော့ - ဘဏ္ဍာရေးအခြေအနေကောင်းမွန်ဖို့အတွက် စီးပွားရေးအားကောင်းဖို့လိုအပ်ကြောင်း၊ ၊ အခုလို အခွန်တွေလျှော့ချလိုက်တဲ့အတွက် စီးပွားရေးကြီးထွားလာစေမှာဖြစ်တယ်လို့ ပြောနေကြပါတယ်။

Your browser doesn’t support HTML5

ဝင်ငွေခွန်ဥပဒေသစ်မူကြမ်း ကန်အထက်လွှတ်တော်အတည်ပြု