မြန်မာ့အရေး ကုလအထွေထွေညီလာခံ အတည်ပြုဆုံးဖြတ်

Your browser doesn’t support HTML5

မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေ ဆိုတဲ့ခေါင်းစဉ်နဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်ကို ၇၂ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မနေ့ တနင်္ဂနွေနေ့က အတည်ပြုလိုက်ပါတယ်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွမ်းကတော့ ဒီဆုံးဖြတ်ချက်ဟာ နိုင်ငံရေးအရ တဖက်သက် ဖိအားပေးတာမျိုးဖြစ်နေသလို အဖြစ်မှန်အခြေအနေနဲ့ကင်းကွာပြီး တဖက်သတ် စွပ်စွဲချက်တွေသာဖြစ်တဲ့အတွက် မြန်မာအစိုးရက လက်ခံဖို့မရှိကြောင်း ဗွီအိုအေကနေတဆင့် တုန့်ပြန်ပြောဆိုခဲ့ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကိုတင်ပြမှာပါ။