၂၀၁၈ ရိုဟင်ဂျာဒုက္ခသည်အရေး အလားအလာ
Your browser doesn’t support HTML5
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာလုံခြုံရေးတပ်တွေရဲ့ အင်အားသုံးနယ်မြေရှင်းလင်းမှုကြောင့် ရိုဟင်ဂျာဒုက္ခသည်တွေ သိန်းနဲ့ချီပြီး ဘင်္ဂလားဒေ့ရှ်ဘက် အစုလိုက်ထွက်ပြေးခဲ့ရတဲ့ဖြစ်ရပ်ဟာ ၂၀၁၇ခုနှစ်အတွင်း ကမ္ဘာ့အဆိုးရွားဆုံးဖြစ်ရပ်တွေထဲမှာ ပါဝင်ခဲ့ပါတယ်။ လုံခြုံမှုမရှိပဲ မြန်မာဘက်ခြမ်းက သူတို့နေရပ်ရင်းပြန်သွားလို့ မဖြစ်နိုင်သေးသလို၊ ဒုက္ခသည်စခန်းတွေမှာလည်း လူဦးရေအဆမတန်များပြားမှုကြောင့် စားနပ်ရိက္ခာ အလုံအလောက်မရှိမှု စတဲ့အခြေအနေ အမျိုးမျိုးကြောင့် ရိုဟင်ဂျာအကျပ်အတည်းဟာ လာမယ့် ၂၀၁၈ခုနှစ်အထိ ဆက်ပြီးကြီးကြီးမားမားရှိနေမှာဖြစ်တယ်လို့ မျှော်လင့်ထားကြပါတယ်။ ဘင်္ဂလားဒေ့ရှ်နယ်စပ် ရိုဟင်ဂျာဒုက္ခသည်စခန်းကိုရောက်ရှိနေတဲ့ VOA သတင်းထောက် Steve Sanford သတင်းပေးပို့ထားတာကို မအင်ကြင်းနိုင်က ပြောပြမှာပါ။