နှစ်နှစ်သက်တမ်း NLD လွှတ်တော်နဲ့ အစိုးရစွမ်းရည် (တိုက်ရိုက်လေလှိုင်း)

NLD government

ဖေဖေါ်ဝါရီ ၆၊ ၂၀၁၈။ NLD အစိုးရအနေနဲ့ လက်ရှိဦးစားပေးဆောင်ရွက်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ စီးပွားဖွံဖြိုးတိုးတက်ရေး၊ ရခိုင်အရေး စတဲ့ အရေးကိစ္စတွေမှာ ထင်သလိုရှေ့မရောက်နိုင်ဖြစ်နေတယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။ အစိုးရနဲ့စစ်တပ်၊ အစိုးရ နှစ်ရပ် တည်ရှိနေသလို ဖြစ်နေတာမို့၊ ပြည်တွင်းရေးကိစ္စတွေမှာ ရှေ့မတတ်နိုင်ဘူးလို့ တုန့်ပြန်ပြောသူတွေရှိသလို အစိုးရကိုယ်တိုင်ရဲ့ စွမ်းဆောင်ရည်အားနည်းမှုရှိနေလို့ ဝေဖန်ချက်တွေကလည်း ရှိပါတယ်။ နှစ်နှစ်သက်တမ်းဝင်လာပြီဖြစ်တဲ့ NLD အစိုးရရဲ့ စွမ်းဆောင်ရည်နဲ့ ကြုံနေရတဲ့ အခက်အခဲတွေကို အခုလာမယ့် အင်္ဂါနေ့ညတိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးကြဖို့ရှိပါတယ်။ အရပ်ဖက်လူမှုအဖွဲ့အစည်း CSO ဖက်က တတ်ကြွဦးဆောင်သူတဦးဖြစ်တဲ့ မသိန္ဓီဦးနဲ့၊ MyanmarNow အယ်ဒီတာ ကိုဆွေဝင်းတို့က ပင်တိုင်ဆွေးနွေးထားကြပါတယ်။

Your browser doesn’t support HTML5

နှစ်နှစ်သက်တမ်း NLD လွှတ်တော်နဲ့အစိုးရစွမ်းရည် (တိုက်ရိုက်လေလှိုင်း)