ပြင်သစ် အိန္ဒိယ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်

့ပြင်သစ်သမ္မတ Emmanuel Macron ကိုအိန္ဒိယဝန်ကြီးချုပ် Narendra Modi ကြိုဆို။ မတ် ၁၀၊ ၂၀၁၈။

ပြင်သစ်နဲ့အိန္ဒိယ နှစ်နိုင်ငံအကြား နျူကလီးယားစွမ်းအင်၊ ကာကွယ်ရေး၊ ကုန်သွယ်ရေးနဲ့ အာကာသကဏ္ဍတွေမှာ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ဖို့ရည်ရွယ်တဲ့ သဘောတူစာချုပ်တွေကို လက်မှတ်ရေးထိုးလိုက်ကြပါတ်ယ။

နယူးဒေလီမြို့တော်မှာ စနေနေ့ကလုပ်တဲ့ သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ပြင်သစ်သမ္မတ Emmanuel Macron နဲ့ အိန္ဒိယဝန်ကြီးချုပ် Narendria Modi တို့ တက်ရောက်ပါတယ်။ ပြင်သစ်သမ္မတဟာ ပထမဆုံး တရားဝင်ခရီးစဉ်အဖြစ် အိန္ဒိယမှာရောက်နေတာပါ။

ဒေါ်လာ ၁၆ ဘီလီယံရှိတဲ့ အရောင်းအဝယ်နဲ့ ပူးပေါင်းဆောင်ရွက်ရေး စာချုပ်တွေကို သဘောတူ လက်မှတ်ရေးထိုးလိုက်တာ ဖြစ်တယ်လို့ သမ္မတ Macron ရဲ့ရုံးက စနေနေ့မှာပြောပါတယ်။ ဒါပေမဲ့လည်း အသေးစိတ်ကိုတော့ မပြောပါဘူး။

ဒါပေမဲ့လည်း သိထားကြပြီးသား သဘောတူညီချက်တွေထဲမှာ အိန္ဒိယ Spice Jet လေကြောင်းလိုင်းအတွက် ပြင်သစ်နည်းပညာ ကုမ္ပဏီ Safran က အင်ဂျင်တွေရောင်းဖို့၊ ပြင်သစ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကုမ္ပဏီ Suez က အိန္ဒိယတောင်ပိုင်း Davangere မှာ ရေစနစ် ခေတ်မီရေးစီမံကိန်းလုပ်ဖို့တွေ ပါဝင်ပါတယ်။ Jaitapur မှာ နျူကလီးယားဓာတ်ပေါင်းဖို ခြောက်ခု တည်ဆောက်ဖို့အတွက် ပြင်သစ် လျှပ်စစ်ဓာတ်အားကုမ္ပဏီ EDF နဲ့ အိန္ဒိယကုမ္ပဏီ NPCIL တို့အကြား စာချုပ်ချုပ်တယ်ဆိုတဲ့ သတင်းလည်း ထွက်ထားပါတယ်။

မွမ်ဘိုင်း၊ Jaipur နဲ့ Chennai မြို့တွေမှာ မြို့ပတ်ရထားလိုင်းတွေ ဖွင့်ဖို့အတွက် အိန္ဒိယကုမ္ပဏီ သုံးခုနဲ့ စာချုပ်ချုပ်လိုက်တယ်လို့ ပြင်သစ် ရထားပို့ဆောင်ရေးလုပ်ငန်းကြီးဖြစ်တဲ့ Alston ကလည်း စနေနေ့မှာပဲ ပြောပါတယ်။

Your browser doesn’t support HTML5

ပြင်သစ် အိန္ဒိယ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်