ရုရှား ရွေးကောက်ပွဲ သမ္မတ ပူတင် နိုင်ခြေများ

ရုရှားနိုင်ငံမှာမျှတမှုရှိတဲ့သမ္မတရွေးကောက်ပွဲဖြစ်ဖို့စုရုံးဆန္ဒပြကြသူများ၊ မတ် ၁၀၊ ၂၀၁၈။

ရုရှားနိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲတွေကို ဒီကနေ့ တနင်္ဂနွေနေ့မှာကျင်းပမှာဖြစ်ပြီး နိုင်ငံခေါင်းဆောင်တယောက်အဖြစ် ၁၈ နှစ်ကြာ တာဝန်ယူလာတဲ့ သမ္မတ Vladimir Putin ကို နောက် ၆ နှစ် သက်တမ်းအတွက် ရွေးချယ်ကြလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

သမ္မတ ပူတင်အနေနဲ့ စိန်ခေါ်မှုပေါင်းများစွာနဲ့ ရင်ဆိုင်နေရပေမယ့်လည်း ဘယ်ပြိုင်ဘက်တဦးကမှ သူ့ကို စိန်ခေါ်နိုင်မယ့်ပုံတော့ မရှိပါဘူး။ သမ္မတရွေးကောက်ပွဲ ဝင်ရောက်အရွေးခံမယ့်သူတွေ ထဲမှာ ဖြစ်ရပ်မှန် ရုပ်သံသရုပ်ဆောင်တဦးနဲ့ အစွန်းရောက်အမျိုးသားရေးဝါဒီတဦးတို့လည်း ပါဝင်ပြီး မဲ အနည်းငယ်လောက်သာ ရမယ်လို့ ခန့်မှန်းရပါတယ်။

သမ္မတ Putin ကတော့ မဲ ၅၀ % ထက်ကျော်ရမယ်လို့ ခန့်မှန်းရပါတယ်။ ဒါပေမယ့်လည်း သမ္မတ ပူတင်ရဲ့ ရွေးကောက်ပွဲအဖွဲ့ကတော့ မဲ ၇၀% ကျော်ရမယ်လု့ိ ခန့်မှန်းနေကြတာပါ။

တနင်္ဂနွေနေ့မှာကျင်းပမယ့် သမ္မတရွေးကောက်ပွဲကို ဒေသခွဲပြီး၊ အချိန် ၁၁ ချိန် ခွဲပြီး ကျင်းပသွားမှာပါ။ နိုင်ငံအရှေ့ဘက်ဆုံးက ဒေသမှာရွေးကောက်ပွဲ စတင်မှာဖြစ်ပြီး အနောက်ဘက် အစွန်ဆုံးက Kaliningrad ပြည်နယ် Baltic enclave မှာအဆုံးသတ်မှာဖြစ်ပါတယ်။

လူပေါင်း ၁၀၉ သန်းတို့ မဲစာရင်းပေးဖို့ မှတ်ပုံတင်ထားကြပါတယ်။ အစိုးရပိုင် ရွေးကောက်ပွဲစီမံရေးအဖွဲ့ဖြစ်တဲ့ VCIOM ကတော့ မဲဆန္ဒရှင် ၇၁ % လာရောက်မဲပေးကြမယ်လို့ ခန့်မှန်းထားပါတယ်။ ရုရှားနိုင်ငံက အစိုးရမဟုတ်သော အဖွဲ့အစည်း Levada Center ရဲ့ ဒီဇင်ဘာလမှာ ကောက်ယူခဲ့တဲ့ စစ်တမ်းမှာတော့ မဲဆန္ဒရှင် ၅၈ % တို့က ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ စီစဉ်ထားတယ်လို့ ဖော်ပြပါတယ်။

Your browser doesn’t support HTML5

ရုရှား ရွေးကောက်ပွဲ သမ္မတ ပူတင် နိုင်ခြေများ