ဒု-သမ္မတဟောင်း Joe Biden နဲ့ Donald Trump အပြန်အလှန် မခံချိမခံသာ

လက်ရှိအမေရိကန် သမ္မတ Donald Trump နဲ့ ဒုသမ္မတဟောင်း Joe Biden

အသက် ၇၀ တန်းရှိနေကြပြီဖြစ်တဲ့ ဒုသမ္မတဟောင်း Joe Biden နဲ့ လက်ရှိအမေရိကန် သမ္မတ Donald Trump တို့ ၂ဦးဟာ တဦးအပေါ်တဦး စကားနဲ့ တိုက်ခိုက်ပြောဆို ခဲ့ကြပါတယ်၊၊

သမ္မတ Trump ရဲ့ TV show တခုမှာ သူဟာအမျိုးသမီးတွေကြား ရေပန်းစားတယ် လို့ကြွားဝါပြောဆိုတာကိုလည်း Joe Biden က ၂၀၁၆ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစဉ်ကာလ က ရှုတ်ချပြောဆိုခဲ့ပါသေးတယ်၊၊

Hillary Clinton ကို ထောက်ခံအားပေးသူ Biden က သူနဲ့ Trump အထက်တန်းကျောင်းသာ အတူတူတက်ခဲ့မယ်ဆိုရင် Trump ကို အားကစားရုံအနောက်ဆွဲထုတ်ပြီး ရိုက်နှက်မိမှာအသေအချာပဲလို့ ပြောပါတယ်၊၊

အရူး Biden က သူ့ကိုယ်သူအားရှိတဲ့ လူတစ်ယောက်လို ပြုမူပြောဆိုနေတယ်၊၊ တကယ်တော့သူဟာ စိတ်ပိုင်း၊ ရုပ်ပိုင်းချိနဲ့ နေသူသာဖြစ်တယ်လို့ သမ္မတ Trump က ကြာသာပတေးနေ့က သူ့ရဲ့ tweeter စာမျက်နှာမှာ တုန့်ပြန်ရေးသားခဲ့ပါတယ်၊၊

အသက် ၇၅ နှစ်ရှိပြီဖြစ်တဲ့ Biden ဟာ လာမယ့် ၂၀၂၀ မှာသမ္မတ ရွေးကောက်ပွဲ ဝင်နိုင်ချေရှိပြီး အသက် ၇၁ နှစ် အရွယ် သမ္မတ Trump ကို ပြီးခဲ့တဲ့ သီတင်းပတ်က တိုက်ခိုက်ပြောဆိုခဲ့ တာပါ။

Your browser doesn’t support HTML5

ဒု-သမ္မတဟောင်း Joe Biden နဲ့ Donald Trump အပြန်အလှန် မခံချိမခံသာ