ပရီးမီးယားလိဂ် မန်စီတီးနိုင်ပွဲတပွဲတိုး

ပရီးမီးယားလိဂ်ပွဲ။ စပါးနဲ့ မန်းစီးတီးပွဲ။ ဧပြီ ၁၄၊ ၂၀၁၈။

စနေနေ့ကကစားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ လက်ရှိ အမှတ်ပေးဇယား ထိပ်ဆုံးမှာရှိနေပြီး ချန်ပီယံဖြစ်ဖို့ နီးစပ်နေတဲ့ မန်စီးတီးက စပါးအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ အခုဆိုရင် မန်စီးတီးအသင်းဟာ ၃၃ ပွဲကစား၊ ရမှတ် ၈၇ မှတ်နဲ့ ဒုတိယနေရာက မန်ချက်အသင်းထက် တပွဲပိုကစား၊ ၁၆ မှတ် အသာရထားပါတယ်။

တခြားပွဲတွေမှာ ဆောက်သမ်ပ်တန်အသင်းက ချယ်လ်ဆီးအသင်းကို ၃ ဂိုး ၂ ဂိုး၊ ဘန်လေက လက်စတာစီးတီးကို ၂ ဂိုး ၁ ဂိုး၊ ပဲလေ့စ်က ဘရိုက်တန်ကို ၃ ဂိုး ၂ ဂိုး၊ ဟတ်ဒါစ်ဖီးလ်ဒ်က ဝတ်ဖို့ကို ၁ ဂိုး ဂိုးမရှိ၊ လီဗာပူးလ်က ဘုန်းမောက်သ်ကို ၃ ဂိုး ဂိုးမရှိနဲ့ အသီးသီးအနိုင်ရပါတယ်။

ဆွမ်ဆီးစီးတီးနဲ့ အဲဗာတန်ပွဲကတော့ တဘက် ၁ ဂိုးစီနဲ့ သရေကျသွားပါတယ်။

အမှတ်ပေးဇယားမှာ မန်စီးတီးနောက်ကလိုက်နေတဲ့ ထိပ်ဆုံး လေးသင်းကတော့ မန်ချက်က ၇၁ မှတ်နဲ့ ဒုတိယ၊ လီဗာပူးလ်က အမှတ် ၇၀ နဲ့ တတိယ၊ စပါးက ၆၇ မှတ်နဲ့ စတုတ္ထ၊ ချယ်လ်ဆီးက အမှတ် ၆၀ နဲ့ ပဉ္စမနေရာမှာ အသီးသီးရှိနေကြပါတယ်။

Your browser doesn’t support HTML5

ပရီးမီးယားလိဂ် စနေနေ့ ပွဲရလဒ်များ