အိန္ဒိယနိုင်ငံက မိန်းမငယ်လေးတွေနဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်ရာဇဝတ်မှုတွေ တိုးလာနေတဲ့အပေါ် စိုးရိမ်မှုတွေ မြင့်တက်လာနေတဲ့အတွက် အသက် ၁၂ အောက် ကလေးတွေကို မုဒိန်းမှုကျုးလွန်တဲ့ ရာဇဝတ်သားတွေကို သေဒဏ်ချမှတ်ဖို့ အိန္ဒိယအစိုးရအဖွဲ့က အတည်ပြုလိုက်ပါတယ်။
သေဒဏ်ချမှတ်တဲ့ အရေးပေါ် အုပ်ချုပ်ရေးအမိန့် ကို စနေနေ့က ကြေငြာလိုက်တာပါ။ အိန္ဒိယနိုင်ငံမှာ အသက် ၈ နှစ်အရွယ် မိန်းကလေးတဦးကို အုပ်စုဖွဲ့ပြီး ရက်ရက်စက်စက် မုဒိန်းကျင့်သတ်ဖြတ်ခဲ့တဲ့ကိစ္စနဲ့ အရွယ်မရောက်သေးတဲ့ မိန်းကလေးငယ်တွေ မုဒိန်းကျင့်ခံနေရတာ နဲ့ပတ်သက်ပြီး နိုင်ငံတဝှမ်း အမျက်ဒေါသ ထွက်လာကြတဲ့အပေါ် ဝန်ကြီးချုပ် Narendra Modi ကအစည်းအဝေးတရပ်ခေါ်ယူပြီးတဲ့နောက် ခုလိုကြေငြာလိုက်တာပါ။
မုဒိန်းသမားတွေကို ပိုပြီး ပြင်းထန်တဲ့ ပြစ်ဒဏ်တွေလည်းသတ်မှတ်လိုက်ပါတယ်။ အသက် ၁၆ နှစ်အောက် မိန်းကလေးတွေကို မုဒိန်းကျင့်ရင် အနည်းဆုံးထောင်ဒဏ်အဖြစ် ၁၀ နှစ်ကနေ အနှစ် ၂၀ ထိချမှတ်ဖို့ သတ်မှတ်လိုက်ပြီး ဒီထက်အသက်ကြီးတဲ့အမျိုးသမီးတွေကို မုဒိန်းကျင့်ရင်တော့ ထောင်ဒဏ် ၇ နှစ်ကနေ ၁၀ ထိကျခံဖို့ သတ်မှတ်လိုက်တာဖြစ်ပါတယ်။
Your browser doesn’t support HTML5
သက်ငယ်မုဒိန်းမှု အိန္ဒိယမှာ သေဒဏ်ပေး