အမေရိကန် ပြည်ထောင်စု Tennessee ပြည်နယ် Nashville မြို့ အနီးက Waffle House စားသောက်ဆိုင်မှာ ဒီကနေ့ တနင်္ဂနွေနေ့ အစောပိုင်းအချိန် အစိမ်းရောင် အပေါ်အိကျီ ၤ တထည်ဘဲ ဝတ်ထားတဲ့ ကိုယ်လုံးတီး အမျိုးသား တဦးက သေနတ်နဲ့ ပစ်ခတ်တာကြောင့် သုံးဦး သေဆုံးပြီး တခြားသူ ၄ ဦး ဒဏ်ရာရထားကြောင်း ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။
Nashville မြို့ အစွန် Antioch က စားသောက်ဆိုင်ထဲကို သေနတ်သမားက AR -15 လို မောင်းပြန်ရိုင်းဖယ် သေနတ်တလက်နဲ့ ဒေသစံတော်ချိန် မနက် ၃ နာရီ ခွဲ မတိုင်ခင်လေးမှာ ဝင်လာခဲ့တာပါ။ ဒီနောက် စားသောက်ဆိုင်ထဲမှာ စားသောက်နေကြသူတွေကို သေနတ်သမားက ပစ်ခတ်ခဲ့တာလို့ Nashville Metro ရဲအဖွဲ့က တွစ်တာမှာ တင်ထားတဲ့ ကြေညာချက်ထဲမှာ ပြောဆိုထားပါတယ်။
စားသောက်နေသူ တဦးက သေနတ်သမားရဲက သေနတ်ကို လုံးထွေးလုယက်ခဲ့တယ်လို့လည်း ရဲအဖွဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ သေနတ်သမားကတော့ အပေါ်အိင်္ကျီကိုချွတ်ချပြီး ခြေလျင် ထွက်ပြေးသွားတယ်လို့လည်း ရဲက CNN ကို ပြောပါတယ်။ ဒဏ်ရာရထားသူတွေထဲက တဦးကတော့ Vanderbilt University Medical Center မှာ စိုးရိမ်ရတဲ့ အခြေအနေ ရှိနေတယ်လို့လည်း ဒေသခံ မီဒီယာက ပြောဆိုထားပါတယ်။ သေနတ်သမားကိုတော့ ရဲက ရှာဖွေနေပြီး သေနတ်သမားမှာ နောက်ထပ် လက်နက်တွေ ပါသေးလားဆိုတာကလည်း ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။
Your browser doesn’t support HTML5
Tennessee ပစ်ခတ်မှု သုံးဦးသေဆုံး