မနေ့ကကျင်းပတဲ့ ကမ္ဘာ့ဖလားပွဲစဉ်မှာ ပေါ်တူဂီနဲ့မော်ရိုကိုပွဲမှာ ပေါ်တူဂီက ၁ဂိုး ဂိုးမရှိနဲ့အနိုင်ရသွားပါတယ်။ ပေါ်တူဂီအတွက် ဒီဂိုးကို ရော်နယ်ဒို ကပွဲစပြီး လေးမိနစ်အကြာမှာသွင်းယူလိုက်တာပါ၊၊ မော်ရိုကိုအသင်းဟာ ကစားတဲ့နေရာမှာ ပေါ်တူဂီထက်ခြေသာပြီး အားသွန်ခွန်စိုက်ကစားနိုင်ပေမဲ့ ဂိုးသွင်းမသေချာတဲ့အတွက် ပြန်လည်မချေပနိုင်ဖြစ်သွားပါတယ်။
ဒုတိယပွဲစဉ်ဖြစ်တဲ့ ဥရုဂွေးနဲ့ ဆော်ဒီအာရေဗျ ပွဲစဉ်မှာတော့ ဥရုဂွေးအသင်းတိုက်စစ်မှုး ဆောရပ်စ် က ၁ဂိုးထဲသောအနိုင်ဂိုးကို ပထမပိုင်း နှစ်မိနစ်မှာပဲသွင်းယူခဲ့တာပါ။
တတိယပွဲစဉ် အီရန်နဲ့စပိန်တို့ပွဲမှာလည်း ၁ဂိုး ဂိုးမရှိနဲ့ပဲ စပိန်အသင်းက အနိုင်ရသွားပါတယ်။ ဘယ်သူမှ ဂိုးမသွင်းနိုင်ပဲ ပထမပိုင်း ၄၅ မိနစ်သာ ပြီးဆုံးသွားတာပါ။ ၅၄ မိနစ်မှာ စပိန်အသင်းအတွက် အနိုင်ဂိုးကို ဒီယေဂို ကော်စတာက သွင်းယူလိုက်တာဖြစ်ပါတယ်၊၊
Your browser doesn’t support HTML5