၈၈ မျိုးဆက် မမီးမီးအမှတ်တရ

Your browser doesn’t support HTML5

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက အမျိုးသမီးခေါင်းဆောင်တဦးဖြစ်သူ မမီးမီး ခေါ် မသင်းသင်းအေး ကွယ်လွန်သွားတဲ့အတွက် သူ့ဈာပနကို သောကြာနေ့ ရေဝေးသုသန်မှာ ကျင်းပမှာပါ။ ဒီအတွက်ကျန်ရစ်သူ မိသားစုနဲ့ မိတ်ဆွေအပေါင်းအသင်းတွေ ပြင်ဆင်နေကြပါတယ်။ မမီးမီးနဲ့အတူ နှစ်ပေါင်းများစွာ နိုင်ငံရေးလုပ်ဖေါ်ကိုင်ဖက်တဦးဖြစ်တဲ့ ကိုဆန်နီနဲ့ မမီးမီးရဲ့ ပုံတူ ရေးဆွဲနေတဲ့ ပန်းချီဆရာ ကိုကိုနိုင်တို့က အမှတ်တရစကားတွေ VOA ကို ပြောဆိုပါတယ်။