သတင်းရယူခွင့်၊ သတင်းလွတ်လပ်ခွင့် (တိုက်ရိုက်လေလှိုင်း)

Myanmar journalists say government failing to protect press freedom: survey

သြဂုတ် ၂၈၊ ၂၀၁၈။ ရခိုင်ပြည်နယ်မြောက်ပိုင်း အင်းဒင်ကျေးရွာမှာ ရိုဟင်ဂျာမွတ်ဆလင်တွေ အစုအပြုံလိုက်သတ်ဖြတ်ခံရတာကို သတင်းယူတဲ့ ရိုက်တာသတင်းထောက်နှစ်ဦး ဖမ်းခံရပြီး၊ တရားရုံးမှာ စွဲချက်တင်ခံရတာကြောင့် မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်နဲ့ပတ်သက်လို့ စိုးရိမ်စရာတွေဖြစ်လာကြပါတယ်။ NLD အစိုးရလက်ထက် သတင်းသမားတွေရဲ့အခက်အခဲ၊ သတင်းရယူနိုင်ခွင့်၊ သတင်းလွတ်လပ်ခွင့်အခြေအနေကို အင်္ဂါနေ့ည တိုက်ရိုက်လေလှိုင်းမှာ သုံးသပ်ဆွေးနွေးထားပါတယ်။ မန္တလေး သတင်းစာပညာကျောင်းက ကိုစန်းယုကျော်၊ NKE သတင်းဌာနက ကိုသီဟသွေးတို့က ပင်တိုင်ပါဝင်ဆွေးနွေးထားကြပါတယ်။

Your browser doesn’t support HTML5

သတင်းရယူခွင့်၊ သတင်းလွတ်လပ်ခွင့် (တိုက်ရိုက်လေလှိုင်း)