မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းမှု ရပ်တန့်နေသလား (တိုက်ရိုက်လေလှိုင်း)

Myanmar Parliament

Myanmar Parliament

စက်တင်ဘာ ၂၂၊ ၂၀၁၈။ မြန်မာနိုင်ငံ ရခိုင်မြောက်ပိုင်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေအတွင်းဖြစ်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ တာဝန်ရှိသူတွေ အပြစ်ကနေ ကင်းလွတ်ခွင့်ရနေတဲ့ အခြေအနေ၊ တရားဥပဒေစိုးမိုးမှု အားနည်းချက်တွေကြောင့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှု တုန့်ဆိုင်းနေတယ်ဆိုပြီး ကုလသမဂ္ဂ စုံစမ်းရေးအဖွဲ့က သတိပေးခဲ့ပါတယ်။ နိုင်ငံတကာဖိအားတွေနဲ့ရော ပြည်တွင်းအကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ NLD အစိုးရ လက်ထက်မှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ လူ့အခွင့်အရေး အခြေအနေ ဘယ်လို ရှိသလဲဆိုတာကို စနေညပိုင်း တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ သုံးသပ်ထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသုတေသနဌာန တာဝန်ရှိသူ ဦးမျိုးရန်နောင်သိမ်း၊ ရခိုင်အမျိုးသားပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောနဲ့ မြန်မာ့နိုင်ငံရေးသုံးသပ်သူ ဒေါက်တာနိုင်အောင်တို့ ပင်တိုင်ဆွေးနွေးထားပါတယ်။

Your browser doesn’t support HTML5

မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းမှု ရပ်တန့်နေလား (တိုက်ရိုက်လေလှိုင်း)