လိင်သဘာဝကွဲသူတွေ ကာကွယ်ဖို့ ကုလတိုက်တွန်း

၇၃ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တွေ့ရတဲ့ ကုလသမဂ္ဂလူ့အခွင့်ရေး ဆိုင်ရာ အထူးကိုယ်စားလှယ် Victor Madrigal-Borloz (အောက်တိုဘာ ၂၅-၂၀၁၈)

အစိုးရတွေအနေနဲ့ လိင်တူချစ်သူတွေနဲ့ သူတို့ရဲ့ အသိုင်းအဝိုင်းကို အကာကွယ်ပေးတဲ့ မူဝါဒတွေနဲ့ ဥပဒေတွေ ပြင်ဆင်ပြဌာန်းကြဖို့ ကုလသမဂ္ဂလူ့အခွင့်ရေး ဆိုင်ရာ အထူးကိုယ်စားလှယ် Victor Madrigal-Borloz က ၇၃ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တိုက်တွန်းလိုက်ပါတယ်။

အထွေထွေညီလာခံရဲ့ လူ့အခွင့်ရေးဆိုင်ရာ ကော်မတီကို အစီရင်ခံစာတင်သွင်းချိန်မှာ အခုလို ပြောကြားခဲ့တာဖြစ်ပြီး နိုင်ငံတွေ အနေနဲ့ လိင်တူချစ်သူတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ ပပျောက်စေဖို့ ဆေးပညာဆိုင်ရာ အခြေနေအရ လိင်ခွဲခြား သတ်မှတ်မှု ပုံစံတွေသတ်မှတ်ဖို့ပါ တိုက်တွန်းခဲ့ပါတယ်။

လိင်တူချစ်သူတွေဟာ အကြမ်းဖက်မှုတွေနဲ့ ခွဲခြားဆက်ဆံမှုတွေ ခံစားနေကြရတာမို့ သူတို့ကို အကာကွယ်ပေးဖို့ လိုအပ်တယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ကြာသပတေးနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။

လိင်အင်္ဂါပြောင်းထားသူတွေအရေးကို အထူးကိုယ်စားလှယ်က ဦးစားပေးဆွေးနွေးခဲ့တာ ဖြစ်ပြီး သူတို့တွေဟာ မွေးစဉ်က သတ်မှတ်ချက်နဲ့ ကွဲပြားနေတာမို့ တရားဥပဒေအရေ ပြောင်းလဲ သတ်မှတ်ခွင့် မရတဲ့ အတွက် အခက်ခဲကြုံနေကြတာပါ။

Your browser doesn’t support HTML5

လိင်သဘာဝကွဲသူတွေ ကာကွယ်ဖို့ ကုလတိုက်တွန်း