သိရိလင်္ကာလွှတ်တော်ရုတ်တရက်ရပ်ဆိုင်း

သိရိလင်္ကာလွှတ်တော်

သီရိလင်္ကာသမ္မတ Maithripala Sirisena ဟာ လွှတ်တော်ကို နိုဝင်ဘာလ ၁၆ ရက်နေ့အထိ ရပ်ဆိုင်းဖို့ ညွှန်ကြားခဲ့ပါတယ်။ သောကြာနေ့တုန်းကတော့ ဝန်ကြီးချုပ် ရာနီးလ် ဝစ်ကာမစင်း နဲ့ အစိုးရအဖွဲ့ကို ဖျက်သိမ်းလိုက်ပြီး အရင် သီရိလင်္ကာသမ္မတဟောင်း Mahinda Rajapakse ကို ဝန်ကြီးချုပ်အဖြစ် တာဝန်ပေးအပ်ထားပါတယ်။ Wickremesinghe အစိုးရအဖွဲ့ကတော့ ဒါဟာ အာဏာသိမ်းမှုဖြစ်တယ်လို့ စွပ်စွဲပြောဆိုပါတယ်။

ဒါပေမယ့်လည်း Wickremesinghe ဟာ ဒီကနေ့အထိ ဝန်ကြီးချုပ်အိမ်မှာ ဆက်လက်နေထိုင်နေဆဲဖြစ်ပြီး သူ့ကို လွှတ်တော်တွင်း အများစုကထောက်ခံတာကြောင့် ရာထူးကနေ ဆင်းပေးဖို့ ရည်ရွယ်ချင်မရှိဘူးလို့ ပြောပါတယ်။ ဒီမိုကရေစီ နည်းလမ်းကြောင်းအတိုင်း လျှောက်လှမ်းမယ်ဆိုရင် သမ္မတအနေနဲ့ မဲပေးဖို့အတွက် လွှတ်တော်ကို ချက်ချင်းဆင့်ခေါ်သွားဖို့ သီရိလင်္ကာနိုင်ငံရေးအကဲခတ်တွေက ထောက်ပြပါတယ်။

Rajapakse ဟာ သူအာဏာရှိစဉ်မှာ သီရိလင်္ကာက တမီးလ်ကျားသူပုန် အဖွဲ့ကို နည်းမျိုးစုံသုံး နှိမ်နင်းခဲ့ပေမယ့် ဒီပြည်တွင်းစစ်ပွဲအတွင်း အာဏာကို အလွန်အကျူး သုံးစွဲခဲ့တယ်ဆိုတာကိုတေ့ာ သူက လက်မခံခဲ့ပါဘူး။ အမေရိကန်ကတော့ ဘက်နှစ်ဘက်လုံးအနေနဲ့ စည်းမျဉ်းဘောင်အတွင်းက အဖြေရှာကြဖို့နဲ့ အကြမ်းဖက်မှုတွေရှောင်ရှားဖို့ တိုက်တွန်းထားပါတယ်။

Your browser doesn’t support HTML5

သိရိလင်္ကာလွှတ်တော်ရုတ်တရက်ရပ်ဆိုင်း