အစ္စရေးလ်ကို ဒုံးကျဉ်တိုက်ခိုက်မှု Syria နဲ့ Iran ကို စွပ်စွဲ

ဂါဇာဘက်က ပစ်လိုက်တဲ့ဒုံးလက်နက်တွေကို အစ္စရေးဘက်က ကြားဖြတ်ဟန့်တားပုံ။ အောက်တိုဘာ ၂၇၊ ၂၀၁၈။

ဂါဇာဒေသကနေ အစ္စရေးကို ရော့ကတ်ဒုံးကျည်တွေနဲ့ တိုက်ခိုက်နေတာကို ရပ်စဲမယ့်အကြောင်း ပါလက်စတိုင်းဘက်က ဒီကနေ့မှာ ပြောကြားပါတယ်။ အီဂျစ်နိုင်ငံက ကြားဝင်ဆောင်ရွက်အပြီးမှာ ပါလက်စ္စတိုင်းဘက်က အခုလို ကြေညာတာပါ။ အစ္စရေးနဲ့ တိုက်ခိုက်နေတာတွေကို ချက်ချင်းရပ်ပစ်နိုင်မယ့် သဘောတူညီမှုမျိုးရခဲ့ပြီလို့ အစ္စလာမ်မစ် ဂျီဟတ်ပြောခွင့်ရ Dawwould Shihab က ပြောပါတယ်။

အစ္စရေးဘက်ကတော့ ဒီသဘောတူညီချက်နဲ့ ပတ်သက်ပြီး ဘာမှ ပြောဆိုတာမျိုး မရှိပေမယ့် သောကြောနေ့ကစလို့ ဒီကနေ့အထိ ဂါဇာကမ်းမြောင်ဒေသကနေ အစ္စရေးဘက်ကို ရော့ကက်ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ဖို့ ဆီးရီးယားနဲ့ အီရန်က အမိန့်ပေးစေခိုင်းနေတာလို့ ဒီကနေ့ပြောပါတယ်။

ဆီးရီးယားအခြေစိုက် အီရန်ရဲ့ Al Quds အဖွဲ့က အစ္စရေးတွေကို တိုက်ခိုက်ဖို့ အစ္စလာမ်မစ် ဂျီဟတ်အဖွဲ့ကို စေခိုင်းခဲ့တာလို့ အစ္စရေး စစ်ဘက်ပြောခွင့်ရ ဒုဗိုလ်မှုးကြီး Jonathan Conricus က ပြောပါတယ်။ ဂျီဟတ်ဒစ်တွေက အခုလို တိုက်ခိုက်တယ်ဆိုပေမယ့်လည်း ဒီတိုက်ခိုက်မှုနဲ့ ပတ်သတ်ပြီး ဟာမာ့စ်အဖွဲ့ဟာ အဓိကတာဝန်ရှိသူအဖြစ် သတ်မှတ်ထားတယ်လို့လည်း ဆိုပါတယ်။

အရင်တုန်းကတော့ အစ္စရေးအပေါ် တိုက်ခိုက်လာမှုနဲ့ ပတ်သတ်ပြီး ဆီရီးယားနဲ့ အီရန်အပေါ် လက်တုံ့ပြန်မယ်လို့ Conricus က ပြောထားတာပါ။ ဂါဇာဒေသကနေ ပစ်ခတ်တဲ့ရော့ကတ်ဒုံးကျည် ၁၀ စင်းကနေ ၃၀ လောက်ထိကို ဟန့်တားဖျက်ဆီးနိုင်ခဲ့တယ်လို့ အစ္စရေးစစ်တပ်ကပြောပါတယ်။

Your browser doesn’t support HTML5

အစ္စရေးလ်ကို ဒုံးကျဉ်တိုက်ခိုက်မှု Syria နဲ့ Iran ကို စွပ်စွဲ