ကမ္ဘာ့အမြင့်ဆုံး ရုပ်ထု အိန္ဒိယမှာ ဖွင့်လှစ်

Your browser doesn’t support HTML5

အိန္ဒိယနိုင်ငံမှာ ကမ္ဘာ့အမြင့်ဆုံး ပေါင်းစည်းခြင်း ရုပ်ထု "Statue of Unity" ကို ဖွင့်လှစ်လိုက်ပါတယ်။ ပေ ၆၀၀ နီးပါး အမြင့်ရှိပြီး နယူးယောက်မြို့က Statue of Liberty လွတ်လပ်ရေး ရုပ်ထုထက် နှစ်ဆနီးပါးမြင့်တဲ့ လွတ်လပ်ရေး သူရဲကောင်း Vallabhbhai Patel ရဲ့ ပုံတူရုပ်ထုကို ဒေါ်လာ သန်း ၄၀၀ အကုန်အကျခံ ထုဆစ်ခဲ့တာပါ။