လှေစီးပြေး ၂၀ ပါ စက်လှေတစင်း အင်ဒိုနီးရှားမှာတွေ့ရှိ

လှေစီးပြေး ၂၀ ပါ စက်လှေတစင်း အင်ဒိုနီးရှားမှာတွေ့ရှိ

ရိုဟင်ဂျာ မွတ်ဆလင်တွေလို့ ယုံကြည်ရတဲ့ အမျိုးသား ၂၀ လိုက်ပါလာတဲ့ စက်လှေတစင်း အင်ဒိုနီးရှားနိုင်ငံ ဆူမာတျား ကျွန်းကို ဆိုက်ကပ်လာပါတယ်။

ဒါဟာ မြန်မာနိုင်ငံက နှိပ်စက်ညှဉ်းပန်းမှုတွေကနေ ထွက်ပြေးဖို့ ကြိုးပမ်းမှုတွေထဲက နောက်ဆုံးဖြစ်ရပ် လည်းဖြစ်ပါတယ်။ မလေးရှားနိုင်ငံကို သွားဖို့ ကြိုးပမ်းကြတဲ့ ရိုဟင်ဂျာရွှေတွေလိုက်ပါလာတဲ့ စက်လှေတွေကို မြန်မာတာဝန်ရှိသူတွေက လတ်တလော ကြားဖြတ်ဟန့်တားနေတာပါ။

မြန်မာတာဝန်ရှိသူတွေ ထိန်းသိမ်းထားတဲ့ လှေစီးပြေးဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရှ်က လူတွေပြည့်သိပ်နေတဲ့ ဒုက္ခသည်စခန်းတွေကနေ ထွက်ခွါလာကြတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းက ပဋိပက္ခတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ သွားရောက်ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ၇ သိန်းကျော်ရှိနေတယ်လို့ ကုလသမဂ္ဂက ပြောဆိုထားပါတယ်။ ရိုဟင်ဂျာတွေကို ဘင်္ဂလာဒေ့ရှ်ဘက်က တရားမဝင် ခိုးဝင်လာသူတွေအဖြစ် မြန်မာအများစုက ရှုမြင်ထားတာဖြစ်ပြီး၊ နိုင်ငံသားဖြစ်ခွင့်နဲ့ အခြားအခြေခံအခွင့်အရေးတွေကို ပေးဖို့ ငြင်းဆန်ထားတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်တွင်း မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ရပ်တွေဟာ လူမျိုးစုလိုက်ရှင်းလင်းဖယ်ရှားဖို့ ရည်ရွယ်တဲ့လုပ်ဆောင်ချက်အဖြစ် ကုလသမဂ္ဂက စွပ်စွဲပြောဆိုထားပါတယ်။ ရိုဟင်ဂျာဆိုတဲ့အသုံးကို လက်ခံမထားတဲ့ မြန်မာအစိုးရကတော့ နိုင်ငံတကာက စွပ်စွဲနေသလောက် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ခြင်းမရှိဘူးလို့ ငြင်းဆိုထားသလို ကျုူးလွန်သူတွေကိုလည်း စုံစမ်းအရေးယူသွားမယ်လို့ ပြောဆိုထားပါတယ်။

Your browser doesn’t support HTML5

လှေစီးပြေး ၂၀ ပါ စက်လှေတစင်း အင်ဒိုနီးရှားမှာတွေ့ရှိ