ကန်နယ်စပ်လုံခြုံရေးတပ် ထိန်းသိမ်းထားစဉ် ကလေးငယ် နောက်တဦး သေဆုံး

ကန်နယ်စပ်လုံခြုံရေးတပ်ထိန်းသိမ်းစခန်းတခု

အမေရိကန် နယ်စပ်လုံခြုံရေးတပ်ဖွဲ့တွေ ထိန်းသိမ်းထားတဲ့ ဂွာတီမာလာ ကလေးငယ် နောက်တဦး ထပ်မံသေဆုံးခဲ့ရပါတယ်။

တနင်္လာညသန်းကောင်ယံ ကျော်ခါစ ခရစ်စမတ်နေ့ရောက်ချိန်မှာပဲ အသက် ၈ နှစ်အရွယ် အမည်မသိ ယောင်္ကျားလေးငယ် တဦးသေဆုံးသွားတာပါ။ ဒါဟာ နယ်စပ်လုံခြုံရေးတွေ ထိန်းသိမ်းထားစဉ် သေဆုံးသွားတဲ့ အသက် ၇ နှစ်အရွယ် မိန်းခလေးငယ်တဦး ဂွာတိမာလာရွာကလေးမှာ မြှုပ်နှံသဂြိုဟ်တဲ့ နေ့မှာပဲ ယောင်္ကျားလေးငယ် သေဆုံးသွားတာ ဖြစ်ပါတယ်။

ကလေးငယ်နဲ့ သူ့ရဲ့ ဖခင်ဖြစ်သူကို တနင်္လာနေ့က ထိန်းသိမ်းခဲ့စဉ်က ကလေးငယ်ဟာ ဖျားနေတဲ့ လက္ခဏာ ရှိနေတာ သတိထားမိတယ်လို့ အမေရိကန်အကောက်ခွန်နဲ့ နယ်စပ်လုံခြုံရေးအဖွဲ့က ပြောပါတယ်။

နယူးမက်ဆီကို Alamogordo ဆေးရုံက ဆရာဝန်တွေက ကလေးငယ်ဟာ အအေးမိပြီး အဖျားရှိတယ် ဆိုတာကို တွေ့ရှိခဲ့တဲ့အတွက် ဆေးစာရေးပေးပြီး ပြန်လွှတ်လိုက်တယ်လို့ ပြောပါတယ်။

ကလေးငယ်ဟာ နေမကောင်းပဲ တနင်္လာနေ့ညမှာ စပြီး အံခဲ့တဲ့အတွက် သူ့ကို ဆေးရုံကို ပြန်ပို့ပေးခဲ့ရပြီး ညသန်းကောင်ကျော်ကျော်မှာ သူဆုံးသွားတာ ဖြစ်ပါတယ်။

ကလေးငယ်ဘာ့ကြောင့် သေဆုံးရတယ် ဆိုတာ မသိရသေးပါဘူး။ နယ်စပ်လုံခြုံရေး အဖွဲ့ကတော့ ဒီဖြစ်ရပ်အတွက် သီးခြားလွတ်လပ်တဲ့ ပြန်လှန်စစ်ဆေးမှုကို သေသေချာချာ လုပ်ဆောင်မယ်လို့ ကတိပေးခဲ့သလို အမေရိကန်အမိမြေလုံခြုံရေးဌာနနဲ့ ဂွာတီမာလာ အစိုးရတွေကို ကြောင်းကြားထားတယ်လို့လည်း ပြောပါတယ်။

Your browser doesn’t support HTML5

ကန်နယ်စပ်လုံခြုံရေးတပ် ထိန်းသိမ်းထားစဉ် ကလေးငယ် နောက်တဦး သေဆုံး