၄ လကြာ စစ်ဆင်ရေးရပ်ဆိုင်းမှုနဲ့ ငြိမ်းချမ်းရေးအလားအလာ (တိုက်ရိုက်လေလှိုင်း)

Myanmar Nationwide Ceasefire Agreement

ဒီဇင်ဘာ ၂၅၊ ၂၀၁၈။ ရခိုင်ဒေသကလွဲလို့ မြန်မာနိုင်ငံ မြောက်ပိုင်းနဲ့ အရှေ့ပိုင်း စစ်ဆင်ရေးနယ်မြေအသီးသီးက စစ်ရေးလှုပ်ရှားမှုတွေအားလုံးကို လေးလကြာ ရပ်ဆိုင်းပေးမယ်လို့ မြန်မာစစ်တပ်က ကြေညာခဲ့ပါတယ်။ ဒီ ကြေညာမှုဟာ အစိုးရရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းနေမှုတွေအတွက် အထောက်အပံ့ဖြစ်စေမလား၊ ဒါမှမဟုတ် စစ်တပ်ဟာ အစိုးရသြဇာအောက်မရှိဘူးဆိုတဲ့ သီးခြားအင်အားစုသဘော သက်ရောက်နေတာမို့ ငြိမ်းချမ်းရေးမှာ အစိုးရထက် မြန်မာစစ်တပ်ရဲ့ အရေးပါမှုက ပိုပြီ ပေါ်လွင်စေသလား။ အင်္ဂါနေ့ညပိုင်း တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။

ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးစင်တာ ပူးတွဲတည်ထောင်သူလည်းဖြစ် လက်ရှိ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေသူတဦးဖြစ်သူ ဦးလှမောင်ရွှေ၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖယ်ဒရယ်ကောင်စီရဲ့ ပြောခွင့်ရသူ ဦးထွန်းဇော်တို့ ပင်တိုင်ဆွေးနွေးထားကြပါတယ်။

Your browser doesn’t support HTML5

၄ လကြာ စစ်ဆင်ရေးရပ်ဆိုင်းမှုနဲ့ ငြိမ်းချမ်းရေးအလားအလာ (တိုက်ရိုက်လေလှိုင်း)