Trump ရဲ့ နိုင်ငံရေးအကြပ်အတည်း ရင်ဆိုင်ရနိုင်ခြေ
Your browser doesn’t support HTML5
ဗီယက်နမ်နိုင်ငံမှာကျင်းပခဲ့တဲ့ မြောက်ကိုရီးယားခေါင်းဆောင်Kim Jong Un နဲ့ ဆွေးနွေးပွဲမှာ နျူကလီးယားအရေးနဲ့ပတ်သက်ပြီးသမ္မတ Trump မျှော်လင့်ထားသလိုသဘောတူညီချက်မရခဲ့ပါဘူး။ တချိန်တည်းမှာသမ္မတ Trump ရဲ့ အနီးဆုံး လူယုံတဦးဖြစ်ခဲ့တဲ့ သူ့ရဲ့ကိုယ်ရေး ရှေ့နေဟောင်း Michael Cohen ရဲ့လွှတ်တော်ရှေ့မှောက် ထွက်ဆိုချက်တွေကလည်း မြောက်ကိုရီယားအရေး ကြိုးပမ်းမှုတွေ မှေးမှိန်အောင် အရိပ်ထိုးသလို ဖြစ်နေခဲ့ပါတယ်။ ဒီသတင်းပတ်အတွင်း အဖြစ်အပျက်တွေဟာ သမ္မတ Trump နဲ့ ပတ်သက်လို့၊ ဒွိဟဖြစ်စရာ၊ မြင်တွေ့နေကျ မတူညီတဲ့ ပုံရိပ်တွေကို ထပ်ပြီး တွေ့လိုက်ရလို့ VOA သတင်းထောက် Jim Malne က သတင်းပေးပို့ပါတယ်။ ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။