မတ်လ ၅ ရက်၊ ၂၀၁၉။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအဆင့်ဆင့် ရွေးကောက်ပွဲတွေကို မတ်လ ၃၁ ရက် (တနင်္ဂနွေနေ့)မှာ ကျင်းပမှာဖြစ်ပါတယ်။ ဒီ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အများပြည်သူ သိထားသင့်တဲ့အချက်တွေ၊ စည်ပင်ရွေးကောက်ပွဲရဲ့ အရေးပါမှု၊ ကိုယ်စားလှယ်တွေရဲ့ လုပ်ပိုင်ခွင့် .. စတာတွေကို အင်္ဂါနေ့ည တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။
Action Committee for Democracy and Development အဖွဲ့က မသင်ဇာရွှန်းလဲ့ရည်၊ New Myanmar Foundation က မမြနန္ဒာသင်းနဲ့ ကိုယ်စားလှယ်လောင်းတဦးဖြစ်တဲ့ ဦးဝင်ချိုတို့ ပါဝင်ဆွေးနွေးထားကြပါတယ်။
Your browser doesn’t support HTML5
ရန်ကုန်စည်ပင်ရွေးကောက်ပွဲ သိသင့်စရာ (တိုက်ရိုက်လေလှိုင်း)