ဟိန္ဒူ ဟိုလီသင်္ကြန်ပွဲ မျှော်စင်ကျွန်းမှာ ဆင်နွှဲ

Your browser doesn’t support HTML5

ဟိန္ဒူဘာသာဝင်တွေရဲ့ ရိုးရာ ဟိုလီသင်္ကြန်ပွဲတော်ကို ရန်ကုန်မြို့၊ ကန်တော်ကြီး မျှော်စင်ကျွန်းမှာကျင်းပပြီး ဟိန္ဒူဘာသာဝင်တွေအချင်းချင်း ဆေးရောင်စုံမှုန့်တွေနဲ့ ပက်ဖြန်းကစားကြပြီးတော့ စုပေါင်း ဆင်နွှဲကြပါတယ်။ အထွဋ်အမြတ်ပွဲတော်တခုဖြစ်တဲ့ ဟိုလီပွဲတော်ကို ခုလို မတ်လရောက်တိုင်း ဟိန္ဒိူဘာသာဝင်တွေအများစုနေထိုင်တဲ့ အိန္ဒိယ၊ သီရိလင်္ကာ၊ နီပေါ စတဲ့နိုင်ငံတွေမှာ စည်စည်ကားကား ဆင်နွှဲကြလေ့ရှိသလို မြန်မာနိုင်ငံက ဟိန္ဒူဘာသာဝင်တွေလည်း ဆင်နွှဲလေ့ရှိတာပါ။ ခုလို ရန်ကုန်မြို့က မျှော်စင်ကျွန်းမှာ စုစုစည်းစည်းနဲ့ ပွဲတော်ကြီး ကျင်းပလာတာကတော့ ၅ နှစ်ရှိပါပြီ။