စိတ်ကျန်းမာရေးအစီအစဉ်သစ်နဲ့ ကြိုးတန်းလျှောက်သူများ
Your browser doesn’t support HTML5
ချက်သမ္မတနိုင်ငံ ပရာ့ဂ်မြို့မှာတော့ ဧပြီ(၁)ရက်တနင်္လာနေ့က ကြိုးတန်းလျှောက်သူတွေဟာ အစိုးရရဲ့ ကျန်းမာရေးနဲ့ အလုပ်သမားဝန်ကြီးဌာက အဆောက်အုံနှစ်ခုကြား သွယ်တန်းလမ်းလျှောက်ပြခဲ့ကြပါတယ်။ ဒါဟာ ဒီဝန်ကြီးဌာနနှစ်ခုပူးပေါင်းပြီး နိုင်ငံတွင်း စိတ်ကျန်းမာရေးအတွက် အစီအစဉ်အသစ်ကို ကြိုဆိုတဲ့အထိမ်းအမှတ်ဖြစ်ပါတယ်။ ဒီစီမံကိန်းအသစ်မှာ စိတ်ပိုင်းဆိုင်ရာရောဂါခံစားနေရသူတွေကို အထူးကြပ်မတ်ဆောင်တွေနဲ့ ဆေးရုံတွေမှာသီးသန့်ထားမယ့်အစား လူတွေကြားထဲမှာပဲ ပိုပြီးစောင့်ရှောက်မှုတွေပေးဖို့ ဖြစ်ပါတယ်။ #voaburmese #voasocial