မူလာအစီရင်ခံစာနဲ့ မဆုံးသေးသော ရုရှားအရေးစုံစမ်းမှု

  • ဇော်ဝင်းလှိုင်

Your browser doesn’t support HTML5

၂၀၁၆ ခုနှစ်၊အမေရိကန်ရွေးကောက်ပွဲမှာ ရုရှားက ဝင်ရောက် စွက်ဖက်ခဲ့ခြင်း ရှိမရှိ အထူး စုံစမ်း စစ်ဆေးရေးမှူး Robert Mueller ရဲ့ ၂ နီးပါးကြာ စုံစမ်းခဲ့တဲ့၊ တည်းဖြတ်ထားတဲ့ အစီရင်ခံစာပါ အချက်တွေကို လွှတ်တော်နဲ့ အမေရိကန်ပြည်သူတွေ ကြာသပတေးနေ့က ကြည့်ရှုခွင့် ရလိုက်ပါပြီ။ မစ္စတာ Trump ရဲ့ မဲဆွယ် စည်းရုံးရေးအဖွဲ့နဲ့ ရုရှားအကြား ပူးပေါင်း ဆောင်ရွက်ခဲ့တယ်ဆိုတဲ့ အထောက်အထား မတွေ့ရကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပေမယ့် သမ္မတနဲ့ သူ့လူတွေအနေနဲ့ ဥပဒေကို ချိုးဖောက်ဖို့ ကြံစည်ခဲ့ခြင်း ရှိမရှိဆိုတာကိုတော့ မစ္စတာ Mueller အနေနဲ့ ယတိပြတ် ကောက်ချက် မချနိုင်ခဲ့ပါဘူး။ အတိုက်အခံ ဒီမိုကရက်တွေကတော့ ဥပဒေ ချိုးဖောက်လို့ ယူဆလို့ရနိုင်တဲ့ အစီရင်ခံစာပါ သိရှိချက် အသစ်တွေအပေါ် အခြေခံပြီး လွှတ်တော်အနေနဲ့ စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ဖို့ ဖိအားပေး လုပ်ဆောင်နေပါတယ်။ ဗွီအိုအေ သတင်းထောက် Jim Malone ဝါရှင်တန်ကနေ သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။