မျိုးတုံးလု လိပ်မျိုးစိတ် ကမ္ဘောဒီးယားမှာ ပြန်လွှတ်

Your browser doesn’t support HTML5

ဧပြီ ၂၆ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံမှာ “တော်ဝင်လိပ်မျိုးစိတ်”အကောင် ၂၀ကို မြစ်ထဲကို ပြန်လွှတ်ပေးခဲ့ပါတယ်။ ဖမ်းယူမှု၊ ကုန်ကူးမှုနဲ့ တရားမဝင် သဲထုတ်လုပ်ရေးလုပ်ငန်းတွေကြောင့် သူတို့ဟာ တချိန်က မျိုးတုံးမှုအန္တရာယ်နဲ့ ကြုံခဲ့ရတာပါ။ အခုအခါမှာတော့ ဥကနေအကောင်ဖောက်ပြီး ၁၂နှစ်၊ ၁၃နှစ်အရွယ်ရှိလာတဲ့ သူတို့ကို သဘာဝအလျောက်နေထိုင်မျိုးပွားစေဖို့ လွှတ်ပေးခဲ့တာဖြစ်ပါတယ်။ #voaburmese #voasocial