အိန္ဒိယနိုင်ငံအနောက် ဘင်္ဂလားပြည်နယ်က Burdwan မြို့မှာ ၂၀၁၄ခုနှစ်တုန်းက ဖြစ်ပွါးခဲ့တဲ့ ပေါက်ကွဲမှုတခုနဲ့ပတ် သက် ပြီးဆက်နွယ်မှုရှိတဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာသုံးဦးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာ မှာရှိတဲ့အထူးတရားရုံးက ထောင်ဒဏ် ဆယ်နှစ်ဆီချမှတ်လိုက်ကြောင်း AFP သတင်းမှာ မနေ့က ဖေါ်ပြထားပါတယ်။
သူတို့သုံးဦးကိုဖေါက်ခွဲရေး ပစ္စည်းတွေသယ် ဆောင်မှုနဲ့ ဒါကာမြို့မှာ ၂၀၁၄ာခုနှစ် ဒီဇင်ဘာလတုန်းက စွဲချက်တင်ခဲ့တာပါ။အဲဒီသုံးဦးကတော့ Md Nur Hossain အသက်၃၀၊ Yeasir Arafat ၂၆နှစ်နဲ့ Omar Karim ၂၉ နှစ်တို့ဖြစ်ကြပါတယ်။ အဲဒီအထဲက Omar Karimက တော့ တရားခံပြေးဖြစ်နေပါတယ်။ သူတို့သုံးဦးကို ဘင်္ဂလားဒေ့ရှ် ငွေ တသောင်းဆီပေးဆောင်ဖို့လည်း ဒဏ်ငွေချမှတ် ခဲ့ပါတယ်။ သူတို့တွေဟာ RSO လို့ခေါ်တဲ့ ရိုဟင်ဂျာသွေးစည်းညီညွှတ်ရေးအဖွဲ့အပါအဝင် နိုင်ငံတကာက စစ်သွေးကြွ အုပ်စုတွေနဲ့လည်း ပတ်သက်ဆက်နွယ်နေသူတွေ ဖြစ်ကြပြီး ဖေါက်ခွဲရေးဆိုင်ရာဥပဒေနဲ့သူတို့ကိုအရေးယူ ထားတာလို့ ဘင်္ဂလားဒေ့ရှ် အစိုးရရှေ့နေကပြောပါတယ်။
RSO အဖွဲ့ဟာ ရခိုင်ပြည်နယ်အတွင်း ၁၉၈၀နဲ့၉၀ပြည့်နှစ်တွေ မှာ လှုပ်ရှားခဲ့တဲ့ စစ်သွေးကြွအဖွဲ့တခုဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ အနောက် ဘင်္ဂလားပြည်နယ်က Burdwan မြို့မှာ ၂၀၁၄ခု နှစ်တုန်းက ဖြစ်ပွား ခဲ့တဲ့ဖေါက်ခွဲတိုက်ခိုက်မှုကြောင့် လူအနည်းဆုံး၂ဦးသေဆုံးပြီး ဒဏ်ရာရသူတွေတော်တော်များများရှိခဲ့ တာပါ။
Your browser doesn’t support HTML5