အာဖဂန် ရုရှားနဲ့ ကျုးကျော်စစ် နှစ် ၃၀
Your browser doesn’t support HTML5
အာဖဂန်နစ္စတန်ကနေ ဆိုဗီယက်တပ်ဖွဲ့တွေ ရုပ်သိမ်းခဲ့တာ ဒီနှစ်ဆိုရင် နှစ် ၃၀ ပြည့်သွားပါပြီ။ ဆိုဗီယက်တပ်ဖွဲ့ဝင် တသောင်းခွဲနီးပါး သေဆုံးခဲ့ရတဲ့ ကိုးနှစ်ကြာ စစ်ပွဲနဲ့ပတ်သက်ရင် ရုရှားလူ့အဖွဲ့အစည်းမှာ ဒီနေ့ထိ အငြင်းအခုန်တွေ ရှိနေဆဲပါ။ မေလ ၁၀ ရက်နေ့ကစပြီး ရုံတင်ပြသတဲ့ ရုရှားဒါရိုက်တာ Pavel Lungin ရဲ့ “Leaving Afghanistan” ဆိုတဲ့ ဆိုဗီယက်-အာဖဂန် စစ်ပွဲအကြောင်းရိုက်ထားတဲ့ ရုပ်ရှင်ဇာတ်ကားက အခြေအတင်ပြောစရာတွေ ပိုဖြစ်လာပါတယ်။ ဒါရိုက်တာက သူ့ဇာတ်ကား အပေါ် ဘယ်လိုမြင်ပါသလဲ၊ သူ့ကို ဝေဖန်သူတွေကရော ဘယ်လိုစွပ်စွဲကြပါသလဲ။ Igor Tsikhanenka မော်စကိုကနေ ပေးပို့ထားတဲ့ သတင်းလွှာကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။