ရှစ်လေးလုံးလှုပ်ရှားမှုနဲ့ ၈၈ ကျောင်းသားမျိုးဆက် (တိုက်ရိုက်လေလှိုင်း)

8888 uprising 30 years anniversary

သြဂုတ်လ ၆ ရက်၊ ၂၀၁၉။ မြန်မာနိုင်ငံ ဒီမိုကရေစီအလှည့်အပြောင်းအတွက် လူထုတရပ်လုံးပါဝင်တောင်းဆိုခဲ့တဲ့ ရှစ်လေးလုံး လူထုလှုပ်ရှားမှုကြီးဖြစ်ခဲ့တာ အခု သြဂုတ်လ ၈ ရက်နေ့မှာ ၃၁ နှစ်တင်းတင်းပြည့်ပါပြီ။ လူထု တရပ်လုံးက ပါဝင်ခဲ့တယ်ဆိုပေမယ့် ဒီလှုပ်ရှားမှုမှာ ကနဦးထွက် ရှေ့တန်းက လှုံဆော်ခဲ့သူတွေကတော့ ကျောင်းသားလူငယ်တွေပါ။

ဒါကြောင့်လည်း အဲဒီခေတ်ကာလမှာ ပါဝင်လှုပ်ရှားခဲ့တဲ့ လူငယ်ကျောင်းသားတွေကို ရှစ်လေးလုံးမျိုးဆက်ဆိုပြီး တင်စားသုံးနှုံးပါတယ်။ နှစ်၃၀ကျော်ကြာပြီး ဒီမိုကရေစီအသွင်ပြောင်းနေတဲ့အခုကာလမှာ အဲဒီ လူငယ်မျိုးဆက်တွေ မြန်မာ့နိုင်ငံမှာ ဘယ်လိုအခန်းကဏ္ဍမျိုးမှာ ရောက်နေပြီလဲ။ ရှစ်လေးလုံးလှုပ်ရှားမှုနဲ့ ရှစ်လေးလုံးမျိုးဆက်ဆိုတဲ့ ခေါင်းစဉ်နဲ့ အင်္ဂါနေ့ ညပိုင်းတိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။

နယ်ပယ်အသီးသီးမှာ ရှိနေကြတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်သုံးဦး ပင်တိုင်ဆွေးနွေးထားပါတယ်။ ပြည့်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီး၊ ယနေ့ခေတ် နိုင်ငံရေးမဂ္ဂဇင်းအယ်ဒီတာချုပ် ကိုသက်ဇင်နဲ့ မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိန်းတို့ ဆွေးနွေးထားကြတာပါ။

Your browser doesn’t support HTML5

ရှစ်လေးလုံးလှုပ်ရှားမှုနဲ့ ၈၈ ကျောင်းသားမျိုးဆက် (တိုက်ရိုက်လေလှိုင်း)