မော်စကိုရွေးကောက်ပွဲနဲ့ ပြည်ပစွက်ဖက်မှု စွပ်စွဲချက်

Your browser doesn’t support HTML5

မော်စကိုမှာ ကျင်းပတော့မယ့် ရွေးကောက်ပွဲတွေကို အမေရိကန်ပြည်ထောင်စုက ကြားဝင်စွက်ဖက်နေပြီး လူစုလူဝေးနဲ့ ဆန္ဒပြပွဲတွေ ပေါ်လာအောင် သွေးထိုးလှုံ့ဆော်နေတယ်လို့ ရုရှား နိုင်ငံရေးသမားတွေက စွပ်စွဲလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုကတော့ ဒီ စွပ်စွဲချက်ကို ငြင်းဆိုပါတယ်။ စက်တင်ဘာကျင်းပမယ့် ရွေးကောက်ပွဲမတိုင်ခင် ပြည်ပက စွက်ဖက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ကော်မတီတရပ်ကိုလည်း ရုရှားပါလီမန်က ဖွဲ့စည်းလိုက်ပါတယ်။ Yulia Savchenko ရဲ့ သတင်းလွှာကို မဆုမွန်က တင်ပြပါလိမ့်မယ်။