ဒုက္ခသည်ကလေးငယ်တွေနဲ့ စိတ်ဒဏ်ရာ
Your browser doesn’t support HTML5
မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကို ထွက်ပြေးကြရတဲ့ သောင်းနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်ထဲမှာ အတော်များများ စိတ်ဒဏ်ရာတွေ ရခဲ့ကြပါတယ်။ အထူးသဖြင့် ဒုက္ခသည် အရေအတွက် အားလုံးရဲ့ ၅၆ ရာခိုင်နှုံးဖြစ်တဲ့ ကလေးငယ်တွေမှာ ဒီလို စိတ်ဒဏ်ရာတွေ ရခဲ့ပြီး ဒါကို ကုစားပေးဖို့က အဓိက အခက်အခဲ တခုဖြစ်နေတယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။ VOA သတင်းထောက် Steve Sandford က Cox’s Bazar ဒေသက သတင်းပေးပို့ထားတာကို မခွာညိုက တင်ပြပါလိမ့်မယ်။