သမ္မတ Trump လက်အောက် အစိုးရ သတင်းဌာနတွေရဲ့ ရှေ့ရေး
Your browser doesn’t support HTML5
အမေရိကန် အစိုးရ သတင်းဌာနတွေကို ကြီးကြပ်တဲ့ U.S Agency for Global Media ရဲ့ အကြီးအကဲတာဝန်ယူဖို့ ကွန်ဆာဗေးတစ် ရုပ်ရှင်ထုတ်လုပ်သူ တဦးဖြစ်တဲ့ Michael Pack ကို သမ္မတက အဆိုပြုထားတာကြောင့် မနေ့က အထက်လွှတ်တော်ကြားနာပွဲမှာ သူ့ တာဝန် အတည်ပြုနိုင်ရေး မေးခွန်းတွေ မေးခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ဘက်မလိုက်ဘဲ မျှမျှတတ သတင်းတွေ ထုတ်လွှင့်ဖို့ ဥပဒေအရ တာဝန်ပေးထားတဲ့ VOA အမေရိကန်အသံလို၊ အမေရိကန် အစိုးရ သတင်းဌာနတွေအပေါ် သမ္မတ Trump က နိုင်ငံရေးအရ တဖက်သတ် အသုံးချသွားမှာ စိုးရိမ်မှုတွေနဲ့ ပတ်သက်ပြီး ကြားနာပွဲမှာ သူက ဖြေရှင်းသွားခဲ့ပါတယ်။ Brian Padden ရဲ့ သတင်းပေးပို့ချက်ကို ကိုရန်နိုင်က ပြောပြပါလိမ့်မယ်။