Yanghee Lee နဲ့ ဗွီအိုအေ Skype က ဆက်သွယ်မေးမြန်းချက်

Your browser doesn’t support HTML5

ရခိုင်ပြည်နယ် မြောက်ပိုင်းက အကြမ်းဖက်လုပ်ရပ်တွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက အရုံစိုက်မှု အားနည်းခဲ့တာကြောင့် စိတ်ပျက်မိတဲ့အကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်ကို ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee က ငြင်းဆိုလိုက်ပါတယ်။ အင်အားအဆမတန် သုံးပြီး နိုင်ငံတကာဥပဒေကို ချိုးဖောက်တဲ့အထိ မြန်မာစစ်တပ်က နှိမ်နင်းခဲ့တဲ့ လုပ်ရပ်ကို နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ကုလသမဂ္ဂက အဓိက ထောက်ပြနေတာ ဖြစ်တယ်လို့ VOA မြန်မာပိုင်းအစီအစဉ်နဲ့ Skype ကတဆင့် ဆက်သွယ်မေးမြန်းခန်းမှာ တုံ့ပြန်ပြောဆိုပါတယ်။ ၂၀၁၉ ကုလသမဂ္ဂအထွေထွေညီလာခံမှာ သူရဲ့ ခြောက်နှစ်သက်တမ်း နောက်ဆုံးနှစ် အဖြစ် မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာ ကို တင်သွင်းချိန် နယူးရောက်ကို ရောက်နေတဲ့ Yanghee Lee ကို မအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေးမြန်းထားတာပါ။